နိုရီကိုဟာ ကုမ္ပဏီရဲ့လူတိုင်းချစ်ခင်ရတဲ့ လှပချောမောတဲ့မိန်းမပျိုလေးပါ။ သဘောလည်းကောင်းတဲ့အပြင် ကြင်နာတတ်သူလေးမို လူချစ်လူခင်ပေါများသူလေးမိုစနိုးဝိုက်လိုပါတင်စားခေါ်ဝေါ်ခံရသူလေးပါ။ တစ်နေ့မှာတော့ အမျိုးသားဥယျာဉ်ထဲမှာ ဓားနဲ့အချက်ပေါင်းများစွာ ထိုးခံထားရပြီး မီးလောင်သေဆုံးနေတဲ့ရုပ်အလောင်းတစ်လောင်းပေါ်လာပါတယ်။ အလောင်းကို စစ်ဆေးကြည့်တဲ့အချိန်မှာ နိုရီကိုဖြစ်နေပါတော့တယ်။ ဒီတော့ အရမ်းကြင်နာတတ်တဲ့ နိုရီကိုကို ဘယ်သူက သတ်သွားတာလဲ။ ဘယ်လိုရန်ငြိုးတွေကြောင့်လဲ။စတာတွေကို ဇာတ်လမ်းအချိုးအကွေ့များစွာနဲ့ ရိုက်ထားတာမို အမြန်ပဲကြည့်ရှုလိုက်ရအောင်။