ဒီဇာတ်ကားဟာ ဩစတြေးလျနိုင်ငံမှာဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဩစတြေးလျနိုင်ငံမှာဆိုရင် နှစ်စဉ်လူပျောက်တိုင်ကြားမှု ၃သောင်းလောက်ရှိတတ်ပါတယ်။ ကိုးဆယ်ရာခိုင်နှုန်းသော လူတွေကိုတော့ ပြန်တွေ့ပေမယ့် တချို့တွေကိုတော့ သတင်းအစအနတောင် ပြန်မရခဲ့ကြဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ ဩစတြေးလျနိုင်ငံ ဝုဗ်ခရိခ် ဒေသကို အလည်လာခဲ့တဲ့ ဂျာမနီလူမျိုးစုံတွဲတစ်တွဲနဲ့ အင်္ဂလိပ်လူမျိုး ယောက်ျားတစ်ယောက်က အဲဒီဒေသနားက ထူးဆန်းတဲ့လူတစ်ယောက် ဖမ်းဆီးတာကိုခံခဲ့ရတဲ့အတွက် သူတို့တွေ ဘယ်လိုမျိုးလွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကို ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။