Evil Nun HD

Evil Nun

Horror HD 2025-09-30 4.3 101 Min

ဒီတစ်ခေါက်မှာတော့ ၂၀၂၅ မှာ ထွက်ရှိခဲ့တဲ့ Evil Nun ဆိုတဲ့ horror ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ သရဲကားတွေရဲ့ ထုံးစံအတိုင်း သူငယ်ချင်းအုပ်စုတစ်စု မက္ကစီကိုဘက်က ဘုရားကျောင်းတွေကို လေ့လာဖို့ ခရီးထွက်လာခဲ့ကြရင်း ကားပျက်ရာကနေ ဘုရားကျောင်းတစ်ကျောင်းစီကို ရောက်သွားခဲ့ပါတယ်။ဖြစ်ချင်တော့ အဲဒီဘုရားကျောင်းက သရဲခြောက်လို့ ဘယ်သူမှ မရှိတဲ့ဘုရားကျောင်းဖြစ်နေပြီး အရင်က အဲဒီ ဘုရားကျောင်းမှာ သီလရှင်တစ်ပါးက ကလေးမွေးရင်း သေဆုံးသွားကာ ခြောက်လှန့်နေတာပဲဖြစ်ပါတယ်။ သူတို့အုပ်စု အသက်ရှင်လျက်နဲ့ အဲဒီဘုရားကျောင်းက‌ထဲကနေ ထွက်လမ်းကို တွေ့နိုင်ပါ့မလားသူတို့အုပ်စုထဲက မာရီယာဆိုတဲ့ကောင်မလေးခန္ဓာကိုယ်ထဲကို သီလရှင်ရဲ့ ဝိညာဉ်က ဘယ်လိုတွေ ပူးကပ်ပြီး ခြောက်လှန့်သွားမှာလဲဆိုတာ ထိတ်လန့်စရာ jamp scare တွေနဲ့ ကြည့်ရှုရမဲ့ horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။