သာယာအေးချမ်းနေတဲ့ မိသားစုလေးတစ်ခုမှာ အမေဖြစ်သူရဲ့ အပြုအမူတွေ ရုတ်တရက် ထူးထူးဆန်းဆန်း ပြောင်းလဲလာရာကနေ စတာပါ။ အရင်က သားသမီးတွေအပေါ်အရမ်းကြင်နာတတ်တဲ့ အမေဟာ တဖြည်းဖြည်းနဲ့ ကြမ်းတမ်းလာမယ်၊ ညဘက်တွေဆို ထူးဆန်းတဲ့ အသံတွေပြုလုပ်မယ်၊ ကြောက်စရာကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်လာမယ်ပေါ့။ဒီလိုနဲ့ အိမ်ထဲမှာ နေရတာ လုံခြုံမှု မရှိသလို ခံစားလာရတဲ့ သားသမီးတွေက "ဒါ ငါတို့အမေ အစစ် ဟုတ်ရဲ့လား၊ ဒါမှမဟုတ် တခြား မကောင်းဆိုးဝါး တစ်ခုခုကများ အမေယောင်ဆောင်ထားတာလား" ဆိုပြီး သံသယဝင်လာကြပါတယ်။ အဲ့ဒီနောက်ကွယ်က လျှို့ဝှက်ချက်က ဘာလဲ၊ အိမ်ထဲမှာ တကယ်ရှိနေတာက ဘယ်သူလဲ ဆိုတာကို ရင်တမမနဲ့ ဆက်ကြည့်ရမယ့်ကားမျိုးပါ။မိသားစု ဒရာမာကိုမှ သရဲကား ပုံစံမျိုး ရိုက်ထားတာဖြစ်လို့ ဇာတ်လမ်းက ဆွဲဆောင်မှု ရှိပါတယ်။ Jumpscare တွေလည်း ပါသလို၊ ဇာတ်ရှိန်တက်လာတဲ့အခါမှာလည်း တော်တော်လေးအသည်းယားစရာ ကောင်းပါတယ်။ အင်ဒို သရဲကား ပရိသတ်တွေ လက်မလွတ်သင့်တဲ့ ကားလေး တစ်ကားပါပဲ။