ဂျာနာခီနဲ့ရမ်ဟာ မိဘမဲ့ဂေဟာကတည်းကအတူရှိလာခဲ့ကြတဲ့သူတွေဖြစ်ပြီးတော့ ရမ်ကလည်း ဂျာနာခီကိုအရမ်းချစ်ပါတယ် ကံဆိုးစွာနဲ့ပဲ ဂျာနာခီဟာဦးနှောက်မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါဖြစ်နေပြီးတော့ တခြားသူတွေကတော့ အမြဲတမ်း ဂျာနာခီကိုအရူးမလေးတစ်ယောက်လိုပဲ သတ်မှတ်ထားပါတယ် ရမ်တစ်ယောက်ဂျာနာခီကြောင့်ရှင်းရတဲ့ပြဿနာတွေလည်းမနည်းဖြစ်ပြီးတော့ရဲစခန်းကိုရောက်ရပေါင်းလည်းမနည်းပါဘူး ဒီလိုနဲ့တစ်နေ့မှာတော့ ရမ်နဲ့ဂျာနာခီတို့ကိုကွဲကွာစေမယ့်ကိစ္စရပ်ကြီးဖြစ်သွားပါတယ် ဂျာနာခီနဲ့ပြဿနာဖြစ်ခဲ့တဲ့လူချမ်းသာမိသားစုက သမီးဖြစ်သူ ဗီဘာဆိုတဲ့မိန်းကလေးသေဆုံးသွားပြီး ရဲတွေကလည်း အခိုင်အမာနဲ့ဂျာနာခီကိုလူသတ်သမားလို့ စွပ်စွဲပါတော့တယ် ရမ်တစ်ယောက်ဒီတစ်ခေါက်မှာရော မှတ်ဉာဏ်မကောင်းတဲ့ချစ်သူကောင်မလေးကတစ်ဖက် လူချမ်းသာမိသားစုတွေရဲ့ ကြိုးဆွဲရာအတိုင်းကနေကြတဲ့ ရဲအရာရှိတွေကတစ်ဖက်နဲ့ သူချစ်ရတဲ့ဂျာနာခီကို ဘယ်လိုကယ်တင်သွားမလဲ ဗီဘာ့ကိုသတ်တဲ့တကယ့်လူသတ်တရားခံကရော ဘယ်သူဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်