Iravatham FHD

Iravatham

Thriller Mystery FHD 2022-05-06 7 122 Min

ဆလိုကာ လက်ခံရရှိခဲ့တဲ့ကင်မရာကနေ ဘယ်လိုကိစ္စတွေဆက်ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်တွေ့ရှိရမယ့် သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပါပဲ။ ဆလိုကာဟာ အလှပြင်ဆိုင်တစ်ဆိုင်မှာ အလှပြင်ပေးသူအဖြစ်အလုပ်လုပ်နေတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူဟာ အလှပြင်ဆိုင်ပိုင်ရှင်အမျိုးသမီးရဲ့သားဖြစ်သူ ချီကူနဲ့ ချစ်ကြိုက်နေပါတယ်။ ဒါကြောင့် ဆလိုကာရဲ့မွေးနေ့မှာ ချီကူဟာ အမှတ်တရဖြစ်ဖွယ်ပွဲလေးတစ်ခုကို သီးသန့်ကျင်းပပေးခဲ့တယ်။ အဲဒီညမှာ ဆလိုကာဟာ အဖြူရောင်ကင်မရာတစ်လုံးကို လက်ခံရရှိတဲ့အခါမှာ ချီကူပေးတဲ့ကင်မရာလို့ သူကထင်ခဲ့မိတာပါပဲ။ ဆလိုကာက အလွန်သဘောကျသွားပြီး သူ့ကိုယ်သူ အဲဒီကင်မရာနဲ့ဗီဒီယိုရိုက်ခဲ့တယ်။ဒါပေမယ့် ဗီဒီယိုကိုဖွင့်ကြည့်လိုက်တဲ့အခါမှာ ရိုက်ထားသလိုပေါ်မလာဘဲ သူနဲ့ချွတ်စွပ်တူတဲ့ပရင်ဆီဆိုတဲ့မိန်းကလေးတစ်ယောက်ရဲ့စိတ်‌ခြောက်ခြားဖွယ်ဗီဒီယိုပေါ်လာတော့တာပါပဲ။