Fragile HD

Fragile

Horror Thriller Mystery HD 2005-10-14 6.54 101 Min

ပိတ်သိမ်းတော့မယ့် မာစီဖောကလေးဆေးရုံကို သူနာပြုအသစ်တစ်ယောက်ဖြစ်တဲ့ Amy (Calista Flockhart)ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီဆေးရုံမှာရှိတဲ့ကလေးအတော်များများဟာ ရှာလော့တ်လို့ခေါ်တဲ့ စက်ရုပ်ဆန်ဆန်မိန်းကလေးတစ်ယောက်အကြောင်းကို ကြောက်လန့်တကြားပြောလေ့ရှိကြပေမယ့် အားလုံးက ဒါတွေဟာကလေးတွေရဲ့စိတ်ကူးနဲ့ဖန်တီးထားတဲ့ဇာတ်ကောင်တစ်ခုလို့သာ ယူဆပြီး ခပ်ပေါ့ပေါ့ပဲသဘောထားကြတာပါ။ အေမီကိုယ်တိုင်လည်း အစပိုင်းမှာ ဒီလိုပဲ သဘောထားခဲ့ပေမယ့် ကလေးတွေထဲက မက်ဂီဆိုတဲ့ကောင်မလေးနဲ့ရင်းနှီးပြီး သံယောဇဉ်တွယ်လာချိန်မှာတော့ ရှာလော့တ်ဟာတကယ်ရှိနေတယ်လို့ယုံကြည်ချင်စရာဖြစ်ရပ်တွေကိုသူကိုယ်တိုင်ကြုံလာပါတော့တယ်။ နာမည်ကျော် REC (2007-2014) ဇာတ်ကားတွဲတွေ၊ Quarantine တို့ရဲ့ဖန်တီးရှင် ဒါရိုက်တာ Jaume Balagueró ရဲ့လက်ရာဖြစ်ပြီး၊ ဆေးရုံကိုအခြေခံတဲ့ ဟော်ရာကားတွေထဲကအမိုက်စားကားတစ်ကားပါပဲ။ PG-13 rating နဲ့မလိုက်အောင်ခြောက်ခြားစရာ ကြောက်စရာကောင်းတဲ့ကားဖြစ်ပါတယ်။