Ashiap Man FHD

Ashiap Man

Action Comedy Drama FHD 2022-11-17 2 102 Min

စူပါဟီးရိုးဖြစ်ချင်တဲ့ ဇူလ်ဆိုတဲ့လူငယ်တစ်ယောက်အကြောင်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဟာသအက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇူလ်ဟာ သူ့ကိုသိပ်ချစ်တဲ့မိဘနှစ်ပါးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတဲ့လူငယ်တစ်‌ယောက်ပါ။ ဇူလ်ငယ်စဉ်ကတည်းက သူ့အဖေပြောပြတဲ့သူရဲကောင်းတွေအကြောင်းကိုနားထောင်ရင်း သူကိုယ်တိုင်လည်း စူပါဟီးရိုးတစ်ယောက်ဖြစ်ဖို့ စိတ်အားထက်သန်နေခဲ့တာပါပဲ။အာအီရှာဆိုတဲ့အမျိုးသမီးလေးကတော့ မိဘ‌မဲ့ကလေး‌တွေအတွက် ဂေဟာတစ်ခုဖွင့်ထားပြီး စိတ်သဘောထားကောင်းမွန်တဲ့သူတစ်ယောက်ပါ။တစ်နေ့မှာတော့ မြစ်ထဲကျနေတဲ့ ကီယာရာဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို ဇူလ်ကကယ်ဆယ်ခဲ့ပြီး အာအီရှာက သူ့ဂေဟာမှာ ကီယာရာကို ခဏခေါ်ထားပေးခဲ့ပါတယ်။ သိပ်ကိုလှတဲ့ကီယာရာကို ဇူလ်ကသဘောကျမိခဲ့တယ်။ဒါပေမယ့် ဇူလ်တို့ရဲ့ရွာအပေါ်အန္တရာယ်ကျရောက်တော့မှာကို ကီယာရာကသတိထားမိနေခဲ့တာဖြစ်ပြီး ရွာကိုကာကွယ်ဖို့အတွက် ဇူလ်ကိုသတိပေးခဲ့ပြီးနောက်မှာတော့…….