Gaua (The Night) HD

Gaua (The Night)

Drama Horror HD 2025-11-14 6.364 96 Min

၁၇ ရာစု စပိန်နိုင်ငံ၊ Basque တောင်တန်းဒေသမှာ ဇာတ်အိမ်တည်ထားတယ်။ အဲဒီခေတ်က စုန်းကဝေလို့ စွပ်စွဲပြီး မိန်းမတွေကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အချိန်ပေါ့။ ဇာတ်လိုက်မင်းသမီးKattalin က သူ့ယောက်ျားဆီကနေ လွတ်အောင် ညကြီးမင်းကြီး အိမ်ကနေ ထွက်ပြေးလာတယ်။တောထဲရောက်တော့ လမ်းပျောက်ပြီး အမှောင်ထဲမှာ တစ်စုံတစ်ယောက် နောက်က လိုက်နေသလို ခံစားရတယ်။ လမ်းမှာ မြစ်ကမ်းဘေး အဝတ်လျှော်နေတဲ့ အမျိုးသမီးကြီး ၃ ယောက်နဲ့သွားတိုးတယ်။ သူတို့က ရွာထဲက အတင်းအဖျင်းတွေ၊ သရဲတစ္ဆေ ပုံပြင်တွေ ပြောပြနေကြတာ။ ထူးခြားတာက Kattalin နားထောင်နေရင်းနဲ့ သူကိုယ်တိုင် အဲဒီပုံပြင်တွေထဲက ဇာတ်ကောင်ဖြစ်သွားတာပါပဲ။ဒီကားက ရိုးရိုး သရဲကားမျိုး မဟုတ်ဘဲ ဒဏ္ဍာရီပုံပြင်တွေကို အခြေခံထားတဲ့ Folk Horror မျိုးပါ။ ဒါရိုက်တာ Paul Urkijo က ဒီလို ရှေးဟောင်း ဒဏ္ဍာရီတွေကို ရိုက်ပြတဲ့နေရာမှာ တော်တော်ဆရာကျတယ်။ Visual တွေ၊ မိတ်ကပ်တွေက တော်တော်မိုက်ပြီး ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။ ဇာတ်လမ်းက ကြောက်စရာကောင်းတဲ့ စုန်းအကြောင်းပေမဲ့  အဲဒီခေတ်ကအမျိုးသမီးတွေ ဖိနှိပ်ခံရပုံနဲ့ ပြန်လည်တော်လှန်ပုံတွေကို တင်စားထားတာပါ။ ဒါပေမဲ့ The Witch တို့၊ Midsommar တို့လို စကားပြောများပြီး တဖြည်းဖြည်းချင်း ကြောက်စိတ်သွင်းတဲ့ Slow-burn Horror မျိုး ကြိုက်ရင်တော့ ဒီကားကို သဘောကျပါလိမ့်မယ်။ Basqueဒဏ္ဍာရီတွေကို စိတ်ဝင်စားရင် လက်မလွှတ်သင့်တဲ့ ကားကောင်း တစ်ကားပါ။