Hijacked HD

Hijacked

Crime Thriller HD 2025-09-19 6.667 118 Min

စစ်ပွဲပြီးကာစကာလမှာ နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့် လူတွေက ပြည်ပကိုထွက်ပြေးဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားနေကြချိန်ပါ။ ဇာတ်လိုက်ကျော် Binh ကတော့လေကြောင်းလုံခြုံရေးအရာရှိ (Air Marshal) တစ်ယောက်ပါ။ ဆိုင်ဂုံမှာရှိတဲ့ သူ့မိန်းမက မီးဖွားခါနီးမို့လို့ အချိန်မီရောက်အောင် ခွင့်ယူပြီး လေယာဉ်အမှတ် HVN-602 နဲ့ အိမ်ပြန်ဖို့ စီစဉ်ပါတယ်။ဒါပေမဲ့ ကံဆိုးချင်တော့ အဲ့ဒီလေယာဉ်ပေါ်မှာပဲ လောင် လို့ခေါ်တဲ့ ဦးဆောင်သူနဲ့ အပေါင်းအပါတွေက လေယာဉ်ကိုပြန်ပေးဆွဲပြီး နိုင်ငံခြားကို ထွက်ပြေးဖို့ ကြံစည်ကြပါတော့တယ်။ လေယာဉ်ပေါ်ရောက်ပြီး မကြာခင်မှာပဲ လောင် တို့အဖွဲ့က လေယာဉ်ကို စီးနင်းလိုက်ပါတယ်။ လေယာဉ်မယ် Trinh နဲ့ ခရီးသည်တွေကို ဓားစာခံထားပြီး လေယာဉ်မှူးအခန်း (Cockpit) တံခါးကိုဖွင့်ခိုင်းဖို့ ခြိမ်းခြောက်ပါတော့တယ်။ တစ်ဖက်မှာလည်း လေယာဉ်လမ်းကြောင်းလွဲသွားတာကို သိလိုက်ရတဲ့ မြေပြင်ကွပ်ကဲရေးစခန်းက လေယာဉ်ကို ပြန်မထိန်းချုပ်နိုင်ရင် တိုက်လေယာဉ်(MiG) နဲ့ ပစ်ချဖို့ အမိန့်ပေးထားပါတယ်။ မိန်းမက မီးဖွားခါနီးမို့ အိမ်ပြန်ချင်နေတဲ့ Binh တစ်ယောက် လေယာဉ်ပေါ်က ခရီးသည်တွေရဲ့ အသက်အန္တရာယ်နဲ့ သူ့မိသားစုကြား ဘယ်လိုရွေးချယ်မလဲ၊ လက်နက်မဲ့နေတဲ့ သူက ရက်စက်တဲ့ပြန်ပေးသမားတွေကို ဘယ်လို ပြန်လည်တိုက်ခိုက်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။