ကော်နာမာ့ရှ်ဟာ သူ့ခွေးလေးဆန်ဒီနဲ့အတူ လူတွေနဲ့အဆက်အဆံမရှိ အေးဆေးနေထိုင်တဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် တစ်နေ့မှာတော့သူဟာခေတ်အမှီဆုံးကွန်ပျူတာဂိမ်းအသစ်တစ်ခုဖြစ်တဲ့ OBEX ကိုစတင်ကစားခဲ့မိပါတယ်။သူအိပ်ပျော်နေချိန် ညတစ်ညမှာ OBEX ထဲကနေ သဏ္ဍာန်တစ်ခုထွက်ပေါ်လာခဲ့ပြီး မနက်မှာ ဆန်ဒီလေးပျောက်ဆုံးနေတာကို သူသိလိုက်ရပါတယ်။ အဲ့ဒီအချိန်မှာတော့ သူ့ရဲ့ပြင်ပလက်တွေ့ဘ၀နဲ့ ဂိမ်းလောကကြားကအပိုင်းအခြားဟာ မှိန်ဖျော့လာပြီးတော့ သူ့ခွေးလေးကို အိမ်ပြန်ခေါ်လာဖို့ ကော်နာတစ်ယောက်ထူးခြားဆန်းကြယ်OBEX နယ်ထဲကို စွန့်စားဝင်ရောက်သွားရပါတော့တယ်။ အဲ့ဒီခရီးကြမ်းဟာ ဆန်ဒီကိုပြန်ခေါ်ရုံတင်မကပဲ သူ့ရဲ့အတိတ်ကမြုပ်နှံထားခဲ့တဲ့ ကဏ္ဍတွေ၊ ပုံရိပ်ဟောင်းတွေနဲ့ မိမိကိုယ်ကိုပြန်လည်ရှာဖွေရာတစ်ခုပါဖြစ်လာခဲ့ပါတယ်။နာမည်ရ အင်ဒီရုပ်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Oscilloscope ထွက်ဖြစ်ပြီး ထူးခြားတဲ့ တင်ဆက်ပုံ၊ ဇာတ်ကြောင်းပြောပုံတွေနဲ့ဖွဲ့စည်းထားပြီး RT 96 နဲ့ပွဲထွက်ထားပါတယ်။