ဘာသာရေး သမိုင်းနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် အာရန် (အာရှေးကူမာ) က ဘာသာတရားနဲ့ ဘုရားကို အယုံအကြည်မရှိတဲ့ ရှေးဟောင်းသုတေသနပညာရှင် တစ်ယောက်ပေါ့ သူက အချက်အလက်ရှိပြီး သက်သေပြနိုင်တဲ့ အရာကိုပဲ ယုံကြည်တဲ့သူဖြစ်ပါတယ် အိန္ဒိယလူမျိုးတွေဟာ အရှင်ရာမကို အလေးအနက်ယုံကြည်ကြတဲ့သူတွေဖြစ်ပြီး ရမ်ဆက်တူဆိုတဲ့ တံတားကိုလည်း အရှင်ရာမတည်ထောင်ခဲ့တာလို့ ယုံကြည်ထားကြပါတယ် အဲဒီတံတားကို အစိုးရအဖွဲ့အစည်းက ကုန်သွယ်ရေးကိစ္စတစ်ခုနဲ့ ဖြိုချဖို့ လုပ်လာတဲ့အခါ ပြည်သူတွေက ဆူပူအုံကြွလာကြပါတော့တယ်