Follow Me to Hell HD

Follow Me to Hell

Horror HD 2019-07-11 6.3 90 Min

ဒီကပရိတ်သတ်တွေကြားမှာ နာမည်ကျော်ခဲ့တဲ့ အကြမ်းစားဟော်ရာဇာတ်ကားအတော်များများရဲ့ဖန်တီးရှင် ဒါရိုက်တာ Azhar Kinoi Lubis ရဲ့အစောပိုင်းလက်ရာတစ်ခုဖြစ်ပြီးနာမည်ကျော်လူကြိုက်များခဲ့တဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ လီတာနဲ့ ရာမတို့ဇနီးမောင်နှံကို အခြေခံထားပြီး လီတာက သူ့ခန္ဓာကိုယ်မှာပါလာတဲ့ မွေးရာပါအမှတ်တစ်ခုကိုဖယ်ရှားချင်နေတာပါ။ သူတို့ရဲ့သမီးဦးလေးကိုကိုယ်ဝန်ဆောင်ထားချိန်မှာပဲအဲ့ဒီအမှတ်ကို ဖယ်ရှားခဲ့ပြီးတဲ့နောက်မှာတော့ လီတာဟာ ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ တစ္ဆေမတစ်ကောင်ကိုမကြာခဏမြင်လာရပါတယ်။ သူတို့ရဲ့သမီးဦးလေးကို မွေးပြီးချိန်မှာ အဲ့ဒီတစ္ဆေမရဲ့ခြောက်လှန့်မှုတွေက ပိုမိုကြမ်းတမ်းလာခဲ့ပြီး လူကိုပါ အန္တရာယ်ပေးဖို့ဖြစ်လာချိန်မှာတော့ အဲ့ဒီခြောက်လှန့်မှုတွေကလွတ်မြောက်အောင်ကြိုးစားရင်းနဲ့ လီတာရဲ့အတိတ်၊ သူ့ မွေးရာပါအမှတ်၊ စိတ္တဇဆေးရုံကို ရောက်နေတဲ့ မိခင်ကြီးတို့ရဲ့နောက်ကွယ်ကလျှို့ဝှက်ချက်တွေကို တဖြည်းဖြည်းပြန်ရှာတွေ့လာခဲ့ပါတော့တယ်။ဒါရိုက်တာရဲ့ နာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့ Labinak 2025,Mama: Pesan dari Neraka တို့လိုJump scare အကြမ်းစား သွေးထွက်သံယိုကြောက်စရာပြကွက်တွေနဲ့ရှုစားရမယ့်ဇာတ်ကြမ်းကားဖြစ်ပါတယ်။