ဖရက်ဒီဆိုတာ အသက် ၂၈ နှစ်အထိ ရည်းစားတစ်ခါမှ မထားဖူးတဲ့ လူပျိုကြီးတစ်ယောက်ပေါ့ သူ့ရဲ့ ရိုးရိုးအေးအေး တုံးတုံးအအ ပုံစံကြောင့် မိန်းကလေးတွေကလည်း သူ့ကိုမကြိုက်ကြဘူး သူက သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး မိဘမရှိ၊ အဒေါ်နှစ်ယောက်ရဲ့ အုပ်ထိန်းမှုအောက်မှာပဲ နေနေရတာ ဖြစ်ပါတယ် အချစ်ကိုရှာဖွေရင်း အထီးကျန်ဆန်လှတဲ့ သူ့ဘဝကို စိတ်လှုပ်ရှားမှုတွေ ရင်ဖိုမှုတွေ ပေးမယ့် မိန်းကလေးတစ်ယောက် ရောက်ရှိလို့လာခဲ့ပါတယ် အဲဒီမိန်းကလေးဟာ အိမ်ထောင်သည်တစ်ယောက် ဖြစ်နေပေမယ့် သူ အဲဒီမိန်းကလေးကို ချစ်မိသွားခဲ့ပါတယ် လက်ထပ်ဖို့အထိပါ စဉ်းစားခဲ့ပြီး အဲဒီမိန်းကလေးကို ချဉ်းကပ်ပါတော့တယ်