Lost in Paradise FHD

Lost in Paradise

Comedy Romance TV Movie FHD 2026-01-03 6.923 84 Min

IMDB 7 အထိရထားတဲ့ ကျွန်းကြီးပေါ်က သူစိမ်း ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ..နယူးယောက်မြို့ရဲ့ နာမည်ကြီးဖက်ရှင်ဘရန်းတစ်ခုရဲ့ ပိုင်ရှင် ဆိုဖီယာနဲ့ သာမန်အညတရ စားဖိုမှူးလေး နိုအာတို့ ၂ ယောက်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဖီဂျီကျွန်းစုတစ်ခုဘက်ကိုသွားတဲ့privateဂျက်လေယာဉ်တစ်ခုပေါ်လာဆုံကြပါတယ်...ဆိုဖီယာကတော့ လေယာဉ်ပိုင်ရှင်ဖြစ်ပြီး နိုအာကတော့ ဒီလေယာဉ်ပေါ်က စားဖိုမှူးပါပဲ..ဒါပေမဲ့ လမ်းခရီးအဆင်မပြေမှုတစ်ခုကြောင့်လေယာဉ်က လူသူကင်းမဲ့တဲ့ကျွန်းတစ်နေရာမှာ ပျက်ကျရာကနေ ဇာတ်လမ်းစပါတယ်...တစ်သက်လုံးအလုပ်တွေကိုပဲ ခေါင်းထဲထည့်ထားပြီး ဘဝရဲ့တန်ဖိုးရှိတဲ့အခိုက်အတံ့လေးတွေကို အချိန်ပေးဖို့‌ မေ့နေတဲ့ ဆိုဖီယာနဲ့ အောင်မြင်ဖို့အတွက်ရုန်းကန်နေရတဲ့ နိုအာတို့ ၂ ယောက်ဒီကျွန်းကြီးမှာဆုံခဲ့ရတဲ့ ဖူးစာကနေစလို့ ရှေ့ဆက်ပြီးဘာတွေစွန့်စားခန်းထွက်သွားမလဲဆိုတာကို အငြိမ်လေးကြည့်ရမယ့် အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဖီဂျီနိုင်ငံရဲ့အရမ်းလှတဲ့ကျွန်းတွေပေါ်မှာ ရိုက်ကူးထားပါတယ်