Rangga & Cinta (2025) ဟာအင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကျော် ရုပ်ရှင် Franchise တစ်ခု၊ ယဉ်ကျေးမှုမှတ်တိုင်တစ်ခုလည်းဖြစ်တဲ့ Ada Apa dengan Cinta? (AADC) Universeရဲ့နောက်ဆုံးဇာတ်ကားဖြစ်ပြီး၊ နာမည်ကျော်မူရင်းဇာတ်ကားကို Musical ပုံစံ ခေတ်ပေါ်ကာလနောက်ခံ၊ ခေတ်ပေါ်သရုပ်ဆောင်လေးတွေနဲ့အသက်သွင်းထားတာဖြစ်ပါတယ်။ Rangga နဲ့ Cinta ဆိုတာလည်း အင်ဒိုနီးရှားနိုင်ငံရုပ်ရှင်လောကရဲ့အကျော်ကြားဆုံး အိုင်ကွန်းနစ်အဖြစ်ဆုံးရိုမီယိုနဲ့ဂျူလီယက်လို ဂန္ဓဝင်ဇာတ်ကောင်တွေဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ချင်တာဟာ ကျောင်းမှာ အလှအပရော အရည်အချင်းကြောင့်ရော နာမည်ကျော်တဲ့ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး သူနဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်စုဖြစ်တဲ့အယ်လ်လျာ၊ ကာမန်း၊ မော်ရာနဲ့မီလီ တို့ဟာ ညီအစ်မရင်းတွေလိုချစ်ခင်စည်းလုံးကြပါတယ်။ တစ်နေ့တော့ ကျောင်းရဲ့နှစ်ပတ်လည်ကဗျာပြိုင်ပွဲမှာချင်တာ ဆုမရခဲ့ပဲ ဘယ်သူမှ သိပ်မသိကြတဲ့ ရန်ဂါးဆိုတဲ့ ကျောင်းသားက ဆုရသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကနေ ရန်ဂါးနဲ့ချင်တာတို့ဟာတစ်ယောက်နဲ့တစ်ယောက်ကြည့်မရခဲ့ပေမယ့် တစ်စနဲ့တစ်စ နှလုံးသားချင်း နားလည်၊ သံယောဇဉ်တွေတွယ်လာချိန်မှာတော့ ချင်တာ တစ်ယောက် သူငယ်ချင်းတွေနဲ့ ရန်ဂါးတို့ကြားဗျာများရတဲ့အဖြစ်တွေပေါ်လာပါတော့တယ်။ရိုးရှင်းတဲ့ ကျောင်းသားအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို သီချင်းအမိုက်စားတွေ၊ ချစ်စရာလူငယ်သရုပ်ဆောင်လေးတွေနဲ့မြူးကြွသွက်လက်စွာတင်ဆက်ထားတာဖြစ်တဲ့အတွက် Musicalပရိသတ်တွေမြည်းစမ်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။