Because of Cupid HD

Because of Cupid

Romance HD 2026-02-14 7 85 Min

အချစ်စစ်ဆိုတာကို ပျက်ရယ်ပြု ဟာသလုပ်တတ်တဲ့ မားကပ်စ်။ဘယ်လောက် အချစ်ကို လှောင်ပြောင်ပျက်ရယ်ပြုနေပါစေ အလုပ်အတူတူလုပ်နေတဲ့နာအိုမီကိုတော့ တိတ်တခိုးလေး ကြွေနေခဲ့ပါတယ်။ဗာလင်တိုင်းနေ့မှာ ကျင်းပတဲ့ မော့တေးပြိုင်ပွဲတစ်ခုမှာ သူတို့နှစ်ယောက် ဝင်ပြိုင်ကြရင်းမော့တေးဖျော်စပ်ဖို့ သူတို့သုံးလိုက်မိတာကတော့ ဘားမှာတွေ့မိတဲ့လူတစ်ယောက်ကမားကပ်စ်ကို အချစ်ကိုဖော်ထုတ်ရဲဖို့ သတ္တိပေးစေမှာဆိုတဲ့ အချစ်ဆေးရည်။သူတို့ဖျော်စပ်တဲ့ မော့တေးကို သောက်မိလိုက်ကြတဲ့ အကဲဖြတ်ဒိုင်တွေရော၊မားကပ်စ်ကိုယ်တိုင်ရော အကျိုးသက်ရောက်မှုတစ်ခု ခံစားရပြီးအခြေအနေတွေ ရှုပ်ထွေးကုန်တာပေါ့။ဒီမှာပဲ နာအိုမီနဲ့မားကပ်စ်တို့ ဒီအချစ်ဆေးရည်ကြောင့် ဖြစ်လာတဲ့ခံစားချက်အတုအယောင်တွေကို ပြေပျောက်ဖို့ဆိုပြီးဖြေဆေးရှာဖို့ကြိုးစားကြပါတော့တယ်။