ခိုနိရှိဆိုတာ တက္ကသိုလ်တက်နေတဲ့ လူငယ်လေးတစ်ယောက်ပါ။ သူ့ဘဝက အရမ်းကို ပျင်းစရာကောင်းပြီး ရည်မှန်းချက်မဲ့နေတဲ့သူပေါ့။ သူ့အတွက် တစ်ခုတည်းသော ပျော်စရာဆိုလိုကျောင်းက တစ်ယောက်တည်းသော သူငယ်ချင်း ယာမာနဲနဲ့ ရေချိုးခန်းမှာ အလုပ်တူတူလုပ်တဲ့ ကောင်မလေး ဆာ့ချန်တိုလောက်ပဲ ရှိပါတယ်။တစ်နေ့မှာတော့ ကိုနီရှီတစ်ယောက် ကျောင်းမှာ ဆာကူရာဒါ ဟာနာ ဆိုတဲ့ ကောင်မလေးကို မြင်မြင်ချင်း စိတ်ဝင်စားသွားပါတယ်။ ဟာနာကလည်း သူ့လိုပဲ အထီးကျန်ဆန်ပြီးထူးထူးဆန်းဆန်းနေတတ်တဲ့ ကောင်မလေးပါ။သူတိုနှစ်ယောက် မထင်မှတ်ဘဲ စကားပြောဖြစ်သွားရာကနေ သူတိုရဲ့ တူညီတဲ့ ထူးဆန်းတဲ့အကျင့်တွေ၊ အထီးကျန်မှုတွေကြောင့် အရမ်းကို ခင်မင်သွားကြပါတယ်။ဟာနာက "ဒီနေ့ ကောင်းကင်ကြီးက သိပ်လှတာပဲ" လို ပြောလေ့ရှိတယ်။ ဒီစကားက ခိုနိရှိရဲ့ ဆုံးပါးသွားပြီဖြစ်တဲ့ အဘွားဖြစ်သူ အမြဲပြောလေ့ရှိတဲ့ စကားဖြစ်နေတဲ့အခါ... ခိုနိရှိတစ်ယောက်သူ့ဘဝရဲ့ Soulmate ကို ရှာတွေ့ပြီဆိုပြီး အရမ်းကို ပျော်ရွှင်နေခဲ့တာပေါ့။ဒါပေမဲ့... ဘဝဆိုတာ ထင်သလို ဖြစ်မလာတတ်ဘူးလေ။ သူတိုနှစ်ယောက်ရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေး စတင်နေချိန်မှာပဲ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ဆိုးကြီးတစ်ခု ဝင်ရောက်လာတဲ့အခါ...