Monstrum HD

Monstrum

Action Drama Horror HD 2018-09-12 6.46 106 Min

ဂျိုဆွန်းခေတ် ဘုရင် Jungjong နန်းစံတဲ့ကာလမှာ တိုင်းပြည်အတွင်းကပ်ရောဂါတွေ ကျရောက်နေပြီး အင်ဝမ်တောင်ခြေမှာ ကြောက်စရာကောင်းတဲ့ သားရဲကြီးတစ်ကောင် ရှိနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။အဲဒီသားရဲကြီးကြောင့် လူတွေသေဆုံးနေရသလို၊ ဒါဟာ ဘုရင်ကို နန်းချချင်တဲ့ အမတ်ကြီးတွေရဲ့ လုပ်ကြံမှုလားဆိုတာ ဝေခွဲမရဖြစ်နေပါတယ်။ အဲဒီအခါမှာ ဘုရင်က အနားယူနေတဲ့ ကိုယ်ရံတော် တပ်မှူးဟောင်း Yun Kyum ကို ပြန်ခေါ် ပြီး သမီးဖြစ်သူ Myung၊ လက်ရုံးဖြစ်သူ Sung Han တို့နဲ့အတူ အဆိုပါ သားရဲကြီးကို ရှာဖွေနှိမ်နင်းဖို့ တာဝန်ပေးခဲ့ရာ နောက်ဆုံးမှာတော့ သားရဲကြီးကို နှိမ်နင်းနိုင်မလား...တိုင်းပြည်ရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲကြည့်ရှုအားပေးလိုက်ကြပါဦးနော်။