တစ်ချိန်ကမိသားစုစံအိမ်ကြီးဖြစ်ခဲ့ပေမယ့် ယခုအချိန်မှာတော့ သရဲခြောက်တဲ့ ဟိုတယ်အဖြစ်လူအများသိနေကြတဲ့ အိမ်ကြီးထဲကို ဂျူလီတို့သားအမိနှစ်ယောက်ပြန်သွားရာကနေ ဇာတ်လမ်းအစပျိုးထားတယ်။ သူတို့စစရောက်ချင်းညမှာပဲ ဂျူလီက စိတ်ထဲမသိုးမသန့်ကြီးခံစားရပြီး ဘယ်ကမှန်းမသိတဲ့ ဝုန်းကနဲ အသံကိုကြားလိုက် ရတယ်။ အစကတော့ ပြတင်းပေါက်တွေမကောင်းလို့ဘာညာလို့ပဲ ထင်လိုက်ပေမယ့်၊ နောက်ညတွေမှာပိုပိုဆိုးလာလို့ ဂျူလီတစ်ယောက် အိမ်ကြီးရဲ့ လျို့ဝှက်ချက်ကို စူးစမ်းချင်မိသွားတော့တယ်။ အဲတော့မှသိလိုက်ရတဲ့ အိမ်ကြီးရဲ့လျို့ဝှက်ချက်တွေက ဘာများဖြစ်မလဲဆိုတာ ကြည့်ရှုပေးလိုက်ပါဦး။