သူတော်စင်ကြီးဒယာနီရှ်ဝါတို့ မောင်နှမတွေရဲ့ဇာတ်ကြောင်းကို အခြေခံထားပြီးမာရသီဘာသာနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ အိန္ဒိယဘာသာရေးသမိုင်းရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ပုဂ္ဂိုလ်ရေးအငြိုးတွေနဲ့ လူ့အသိုင်းအဝိုင်းက ဖယ်ကြဉ်ခံထားရတဲ့သူတော်စင်မိသားစုတစ်စု။ကလေးတွေရဲ့ ပညာရေး နှောင့်နှေးမှာစိုးတာကြောင့် ဘုရားကျောင်းခေါင်းဆောင်ဘုန်းတော်ကြီးဆီသွားပြီး အသနားခံပေမယ့် အမျိုးမျိုးနှိပ်စက်ကလူပြုတာ ခံကြရရင်း နောက်ဆုံးမှာတော့ကလေးတွေပညာသင်ကြားခွင့်ရချင်ရင် မိဘနှစ်ပါးကို အသက်စတေးဖို့တောင်းဆိုလိုက်ပါတယ်။ကလေးတွေပညာရေးအတွက် အသက်ကိုပဓာဏမထားဘဲ စတေးကြဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ ငယ်စဉ်ကတည်းက သီလအားကောင်းတဲ့သားသမီးတွေ ဘယ်လိုကြုံတွေ့ရင်ဆိုင်ကြရမလဲဆိုတာ သမိုင်းနောက်ခံ ဘာသာရေးရုပ်ရှင်ကိုစိတ်ဝင်စားသူတို့ ခံစားကြည့်ရှုကြပါဦး။