နယ်မြို့လေးတစ်မြို့က ရဲအရာရှိဖြစ်တဲ့ ဒီနဲရိုးရဲ့ဇာတ်ကောင်ရယ်၊ ဆေးသမားလင်မယားဖြစ်တဲ့ မင်းသားနဲ့မင်းသမီးရယ်၊ မင်းသမီးရဲ့ခဲအိုဖြစ်တဲ့ John Malkovich တို့ရဲ့ကြားမှာ ဖြစ်နေပျက်နေတဲ့ အကြောင်းအရာတစ်ခုနဲ့တည်ထားတာပါ။ ဘာအကြောင်းအရာလဲတော့ မပြောပြတော့ပါဘူး။ စပွိုင်လာမိမှာ စိုးလို့ပါ။ တခမ်းတနားကားကြီးတော့လည်း မဟုတ်ပေမဲ့ အလှည့်အပြောင်းလေးတွေနဲ့ အပျင်းပြေကြည့်ရင် တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ ရုပ်ရှင်လေးပါပဲ။ မင်းသားကလည်း အသေကြမ်းတာမို့ အက်ရှင်ဖန်တွေ အကြိုက်တွေ့ကြမှာပါ။