အသစ်ထွက်ရှိလာတဲ့ တလေဂူးထိတ်လန့်သည်းဖိုရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အလုပ်ကို လက်ကြောတင်းအောင် မလုပ်ချင်ဘဲ ငွေ အလွယ်ရမဲ့နောက်ကိုပဲ လိုက်ချင်တဲ့ခင်ပွန်းဖြစ်သူကြောင့် လာလီသာတစ်ယောက် စိတ်ဆင်းရဲနေရပါတယ်။ကျောင်းဆရာမအဖြစ်လုပ်ကိုင်ရင်း ရတဲ့လစာလေးနဲ့ မိသားစုစရိတ်လောက်ငှဖို့ကိုရောသမီးလေး မီရာကို ပြုစုပျိုးထောင်ဖို့ကိုရော တစ်ယောက်တည်း ရုန်းကန်နေရတဲ့ လာလီသာ။တနေ့မှာတော့ ငွေအချီကြီးရဖို့ အခွင့်အရေးဆိုပြီး သမီးလေးမီရာကို အသုံးချဖို့ခင်ပွန်းဖြစ်သူရဲ့ စည်းရုံးသိမ်းသွင်းမှုအောက်မှာ လာလီသာ လိုက်လျောမိသွားခဲ့တာပေါ့။ဒါပေမဲ့ မီရာ့ကို အသုံးချတယ်ဆိုတဲ့နေရာမှာ အမှောင်ပယောဂတွေ အောက်လမ်းတွေနဲ့ပတ်သက်တဲ့အရာတွေ ဖြစ်နေတဲ့အခါမှာတော့...။