Oboe no Nai Satsujin FHD

Oboe no Nai Satsujin

Drama Mystery TV Movie FHD 2025-02-22 8.3 89 Min

ဆာဂျီဟာ တစ်ယောက်တည်းနေတဲ့ ရဲဝန်ထမ်းဟောင်းဖြစ်တဲ့အပြင် မြို့ခံတွေက ချစ်ခင်လေးစားကြတဲ့ သူပါ။ တစ်နေ့ သူနေထိုင်တဲ့ ရပ်ကွက်အနီးမှာ လူသတ်မှုတစ်ခုဖြစ်သွားပြီး စုံထောက် ခီတာမီနဲနဲ့ သူ့လက်ထောက် အီနာအိုကာတို့က ဆာဂျီ့ဆီ လာရောက်စုံစမ်းခဲ့ပါတယ်။ ဆာဂျီဟာ လက်ရှိအချိန်မှာ မှတ်ဉာဏ်ချို့ယွင်းတဲ့ဝေဒနာကို စတင်ခံစားနေသူဖြစ်ပြီး သမီးဖြစ်သူကလည်း အဝေးမှာပါ။ အမှုကို လိုက်လံစုံစမ်းနေတဲ့ ခီတာမီနဲတို့ဟာ လူသတ်မှုဖြစ်ခဲ့တဲ့ နေရာအနီးက စတိုးဆိုင်ကို အခင်းဖြစ်ပွားချိန်မှာ ဆာဂျီက ဈေးလာဝယ်ခဲ့ပြီး နစ်နာသူဟာလည်း ဆာဂျီကိုယ်တိုင် ယခင်ကဖမ်းဆီးထောင်ချခဲ့တဲ့သူမှန်း သိသွားခဲ့ပါတယ်။ အမှုဖြစ်စဉ်၊ စုဆောင်းရရှိတဲ့အထောက်အထားတွေအရ ဆာဂျီကို လူသတ်တရားခံအဖြစ် သံသယဝင်လာကြပါတယ်။ ဆာဂျီကိုယ်တိုင်လည်း အဖြစ်အပျက်တွေကို ပြန်ဆင်ခြင်သုံးသပ်ကြည့်မိတဲ့အခါမှာတော့ ...