The Story Of The Night Watcher HD

The Story Of The Night Watcher

Drama Thriller Mystery HD 2022-01-19 8.3 100 Min

ယင် နဲ့ ယန်အားပြိုင်မှု... ကောင်းခြင်းဆိုးခြင်းတွေကကျင့်စဉ်တွေအပေါ် သက်ရောက်တာမဟုတ်ဘဲနဲ့ အဲ့ဒီကျင့်စဉ်ကိုကျင့်နေတဲ့လူအပေါ်မှာပဲ မူတည်နေပါတယ်တဲ့.....အေးချမ်းလှတဲ့ ယန့်မြို့လေးမှာ လွန်ခဲ့တဲ့တစ်လအတွင်း လူသေမှုခြောက်မှု နဲ့ လူပျောက်ဆုံးမှုတွေအများကြီးဖြစ်လာခဲ့ပါတယ်။ သေဆုံးတဲ့သူတွေကို ကြည့်လိုက်တော့လည်းခြောက်ချက်အကုတ်ခံရတဲ့မြောင်လက်ရာလိုလိုမြင်ရတော့ လူတွေပြောကြတာက ကြောင်မိစ္ဆာတဲ့။ ဒါပေမဲ့အဲ့ဒီဒဏ်ရာတွေက သေစေလောက်တာမျိုးမဟုတ်တာကြောင့်မြို့ပေါ်ကရောက်လာတဲ့လင်စစ်ဆေးရေးမှူးကတော့ အယုံအကြည်မရှိခဲ့ပါဘူး။“ကျွမ်းကျင်ရာ လိမ္မာရာ” ဆိုတဲ့အတိုင်း ယန့်မြို့ကြီးရဲ့ ၆၇ ဆက်မြောက်သရဲဖမ်းသူရဲ့တစ်ဦးတည်းသောတပည့်ဖြစ်တဲ့ ဟူဖန်ကတော့ သူ့လမ်းစဉ်အတိုင်း လူသတ်သမားကိုရှာဖွေဖို့ အစီအရင်တွေလုပ်ခဲ့ပါတယ်။ကိုယ်ယောင်ဖျောက်နေတဲ့ လူသတ်သမားကိုရှာဖွေကြရင်း ယန့်မြို့ကြီးရဲ့အတိတ်ပုံပြင်တွေ၊နာကျည်းစရာတွေ နဲ့ ထူးဆန်းအံ့ဩဖွယ်ရာတွေကို တွေ့ရှိသွားတဲ့အခါမှာတော့....ဇာတ်လမ်းကပျင်းဖို့မကောင်းတဲ့အပြင် စိတ်ဝင်စားဖို့ကောင်းပြီးယုတ္တိဆန်တဲ့ရိုက်ချက်တွေကြောင့် အဆင်ပြေတဲ့ကားလေးမို့ ဆက်ကြည့်လိုက်တော့နော်... ။ ။