The Fortress FHD

The Fortress

Action Drama History War FHD 2017-10-03 6.786 140 Min

၁၆၃၆ ခုနှစ် ဂျိုဆွန်းဘုရင် အင်ဂျို အုပ်စိုးတဲ့လက်ထက်မှာ ချင်အင်ပါယာရဲ့ စစ်တပ်က ကျူးကျော်တိုက်ခိုက်လာတဲ့အတွက်ကြောင့် ဘုရင်အင်ဂျိုနဲ့ သူ့ရဲ့ သစ္စာခံအမတ်တွေက နမ်ဟန်ခံတပ်ထဲကို တိမ်းရှောင်ခိုလှုံခဲ့ကြရပါတယ်။ ရန်သူ့စစ်တပ်က ခံတပ်ကြီးကို အပြင်ကနေ ပိတ်ဆို့ဝိုင်းရံထားတဲ့အတွက်ကြာလာတော့ ဂျိုဆွန်းစစ်သည်တွေကလည်း အအေးဒဏ်၊ ငတ်မွတ်ခေါင်းပါးမှုဒဏ်တွေကို အလူးအလိမ့် ခံစားလာရပါတော့တယ်။ ဒီလို အကျပ်အတည်းတွေကြောင့် အမတ်ကြီးတွေကြားမှာလည်း ခဏတာ အရှက်ကို သည်းခံပြီး စစ်ပြေငြိမ်းမှုယူပြီးတော့ တိုင်းပြည်နဲ့ ပြည်သူတွေကို အသက်ဆက်ခွင့်ပေးမယ်ဆိုသူတွေက တစ်ဖွဲ့...ရန်သူ့ခြေတော်ရင်းမှာ ဒူးထောက်မဲ့အစား အဆုံးအထိ အသေခံတိုက်ခိုက်ပြီး တိုင်းပြည်နဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာကို ကာကွယ်သွားမယ်ဆိုသူများက တစ်ဖွဲ့နဲ့ သဘောထားတွေ စတင် ကွဲလွဲလာကြတဲ့အခါမှာတော့...ဂျိုဆွန်းလူမျိုးတွေ အဆုံးမှာ ဘာကို ရွေးချယ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။