အလုပ်ပြုတ်သွားတဲ့ နာမည်ကြီးသရုပ်ဆောင်အက်ရှင်စတား Mack က သူ့အေးဂျင့်ဆီက ဂျင်းမိပြီး အင်္ဂလန်က တောရွာလေးမှာ ပြဇာတ်ကဖို စာချုပ်ချုပ်မိသွားခဲ့တယ်။ အဲဒီမှာ စကားကိုဒဲ့ဒိုး ပြောတတ်တဲ့ အကဆရာမ Jill နဲ့ ကြောင်တောင်တောင် ပြဇာတ်အဖွဲသားတွေနဲ့တွေ့ပြီး အစပိုင်းမှာ Mack က အဲဒီရွာကနေ ထွက်ပြေးချင်ခဲ့တယ်ဒါပေမဲ့ ကျေးလက်ရွာလေးရဲ့ ခရစ္စမတ်စိတ်ဓာတ်နဲ့ ရွာသားတွေရဲ့ နွေးထွေးမှုတွေ၊ သူ့သမီးလေးနဲ့ ပြန်ဆုံတွေ့ရတာတွေက Mack ရဲ့ ငွေကြေးချိုတဲ့တဲ့ ပြဇာတ်ပွဲအပေါ် ဘယ်လိုအမြင်တွေပြောင်းသွားနိုင်လဲဆိုတာကို ဒီဟာသကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။