သန်ဒိုက အချစ်ရေးမှာ ဘယ်တော့မှ ကံမကောင်းဘဲ သူတွဲလိုက်တိုင်း အခြားကောင်မလေးတစ်ယောက်ဆီ ပါသွားတာချည်းကြုံနေရတဲ့ သူတစ်ယောက်။ပြီးတော့ New York မှာနေနေတဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ချားလ်စ်ကို ချစ်နေတာကြာပြီဖြစ်တယ်။ဒါပေမဲ့ နောက်ဆုံးတော့ New York က ပြန်လာတဲ့ ချားလ်စ်ကို သန်ဒိုသွားကြိုချိန်မှာ ချားလ်စ်နဲ့လက်ထပ်မဲ့ အမျိုးသမီးပါ ပါလာတော့ သန်ဒိုတစ်ယောက် သူ့ရဲ့သဝန်တိုမှုတွေကို ထိန်းချုပ်ပြီးအချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာဆောင်ကို ဘယ်လို support ပေးဖို ကြိုးစားသွားမလဲဆိုတာ ဒီအချစ်ဟာသဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုပါတယ်။