Scrooge: A Christmas Carol FHD

Scrooge: A Christmas Carol

Drama Family Fantasy Animation FHD 2022-11-18 7.556 97 Min

အီဘီနီဆာစခရုဟာပတ်ဝန်းကျင်မှာအမြဲတမ်းမှုန်ကုပ်ကုပ်နဲ့ အကျင့်စာရိုက်မကောင်း သူများအပေါ်မညှာတာတတ်တဲ့သူလို့ လူတွေကသိထားတဲ့သူပါ မစ္စတာစခရုလို့ပြောလိုက်ရင်ကလေးတွေကအစ မျက်နှာရှုံ့မဲ့ပြီး ရှုံ့ချကြောက်ရွံ့တတ်ကြတဲ့လူမျိုးပါ မစ္စတာစခရုဟာခရစ္စမတ်လို့ပြောလိုက်တာနဲ့ စိတ်ညစ်စရာစိတ်ပျက်စရာလို့ခံယူထားသူဖြစ်ပြီး ခရစ္စမတ်နေ့မှာပျော်ပါးနေကြတဲ့ လူတွေကိုတောင်အဓိပ္ပာယ်မရှိတာတွေလုပ်နေသလိုပြောတတ်သူပါ ဒီလိုမျိုးလူတွေကိုအညှာတာကင်းမဲ့ပြီး စိတ်ပုတ်စိတ်ံယုတ်ထားတတ်တဲ့ မစ္စတာစခရုကြီးဟာ ခရစ္စမတ်တစ်ညမှာတော့ထူးဆန်းတဲ့ဖြစ်ရပ်ကြီးနဲ့ကြုံတွေ့ရပါတော့တယ် မစ္စတာစခရုကြုံတွေ့လိုက်ရတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်ကဘာများဖြစ်မလဲ ဒီဖြစ်ရပ်က သူ့ရဲ့ဘဝကို ဘယ်လိုမျိုးပြုပြင်သွားမှာ ဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်