A Private Life HD

A Private Life

Crime Mystery HD 2025-09-27 5.798 108 Min

ဇာတ်လမ်းကတော့ ပဲရစ်မြို့မှာနေတဲ့ အမေရိကန် စိတ်ရောဂါကုဆရာဝန်မကြီး လီလီယန် (Lilian) ဟာ သူ့ဆီမှာ နှစ်ရှည်လများ ဆေးကုသနေတဲ့ လူနာ ပေါ်လာ (Paula) ရုတ်တရက်ကိုယ့်ကိုယ်ကိုယ် -တ်သေသွားတယ်ဆိုတဲ့ သတင်းကြားလိုက်ရတာကနေ စထားတယ်။ လီလီယန်က ဒါဟာ -တ်သေတာမဟုတ်ဘဲ သေချာပေါက် လူ-တ်မှုပဲဆိုပြီး သံသယဝင်သွားတယ်။ အဲဒီတော့ ဆရာဝန်မကြီးကနေ စုံထောက်အဖြစ် အသွင်ပြောင်းပြီး သူ့ရဲ့ ခင်ပွန်းဟောင်း ဂါဘရီရယ် (Daniel Auteuil) ကိုပါ အဖော်စပ်လို့ သူတို့ကိုယ်တိုင် တရားခံကိုလိုက်ရှာကြပါတော့တယ်။ လူ-တ်သမားက ပေါ်လာရဲ့ ခင်ပွန်းလား၊ သမီးဖြစ်သူလား ဆိုတာတွေကို လီလီယန်တို့ ဇနီးမောင်နှံဟောင်းနှစ်ယောက် တလွဲတချော်တွေနဲ့ ဘယ်လိုလိုက်စုံစမ်းကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရမှာပါ။ဒီကားမှာ အမိုက်ဆုံးကတော့ မင်းသမီးကြီး Jodie Foster ကို တကယ့်အထာကျကျ ပြင်သစ်စကားပြောစတိုင်နဲ့ မြင်တွေ့ရမှာပဲဗျ။ သာမန် စုံထောက်ကားတွေလို အလေးအနက်ကြီးအသည်းအသန် လိုက်ရှာနေတာမျိုး မဟုတ်ဘဲ၊ လီလီယန်နဲ့ သူ့ခင်ပွန်းဟောင်းတို့ရဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောထားတဲ့ စုံထောက်အလွဲလေးတွေက တော်တော်လေး ဆွဲဆောင်မှုရှိတယ်။ ဒါ့အပြင် အတိတ်ဘဝက ဒုတိယကမ္ဘာစစ်အတွင်းက ဂျူး-ပြင်သစ် အဖြစ်အပျက်တွေကိုပါ အိပ်မက်တွေကနေတစ်ဆင့် ရောယှက်ပြသသွားတာမို့ ထူးခြားတဲ့ စိတ်ပညာပိုင်းဆိုင်ရာဇာတ်ကွက်လေးတွေပါ ပါသေးတယ်။ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်ခံစားချက်တွေကို Art House ဆန်ဆန် အနုပညာမြောက် ရိုက်ချက်တွေနဲ့ ရိုက်ပြထားတာကလည်း တကယ့်ကိုသဘောကျစရာပါပဲ။ဒီကားလေးက သွေးထွက်သံယို အကြမ်းစား စုံထောက်ကားတွေထက်၊ ဥရောပစတိုင် အေးအေးဆေးဆေးနဲ့ ပေါ့ပေါ့ပါးပါး စိတ်ပညာလျှို့ဝှက်ချက်တွေကို လိုက်ရှာရတဲ့ အငွေ့အသက်မျိုးကိုသဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမှာ အသေအချာပါပဲဗျာ။ ပြင်သစ်ရုပ်ရှင်တွေကို ခုံမင်တဲ့သူတွေ၊ Jodie Foster ရဲ့ သရုပ်ဆောင်ကွက်တွေကို အလန်းစား ပြင်သစ်ဘာသာစကားနဲ့ ခံစားကြည့်ချင်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက်တော့ အေးဆေးအပန်းဖြေကြည့်လို့ကောင်းမယ့် ကားကောင်းတစ်ကားအဖြစ် ညွှန်းပေးလိုက်ပါတယ်ဗျ။