Return of the Living Dead Part II HD

Return of the Living Dead Part II

Comedy Horror HD 1988-01-15 6.369 89 Min

ဇာတ်လမ်းကို စစ်တပ်သုံးကားတစ်စီးပေါ်ကနေ 2-4-5 Trioxin ဓာတ်ငွေ့အိုးတစ်လုံးမတော်တဆပြုတ်ကျကျန်ရစ်ခဲ့တာနဲ့စဖွင့်ထားပါတယ်။ ဂျက်ဆီဆိုတဲ့ ကောင်လေးနဲ့သူ့ကိုအနိုင်ကျင့်နေတဲ့သူငယ်ချင်းနှစ်ယောက်ဟာအဲ့ဒီအိုးကို သုသာန်နားက ရေမြောင်းထဲမှာသွားတွေ့ကြပါတယ်။သူတို့က အဲ့ဒီအိုးကို ဖွင့်လိုက်မိပြီးတဲ့နောက်မှာတော့ဓာတ်ငွေ့တွေဟာ သုသာန်ထဲကိုပျံ့နှံ့သွားပြီး လူသေအလောင်းတွေ ပြန်နိုးထလာပါတော့တယ်။ အဲ့ဒီအချိန်မှာပဲသင်္ချိုင်းထဲမှာဂူဖောက်ခိုးနေတဲ့ အက်ဒ်နဲ့ဂျိုဝီတို့နှစ်ယောက်ပါ ဇွမ်ဘီတွေကြားထဲမှာပိတ်မိသွားပြီး သူတို့တစ်စုဟာဖုတ်ကောင်ရန်ကိုတွန်းလှန်ရင်း လွတ်မြောက်ဖို့ကြိုးစားကြပါတော့တယ်။ပထမဇာတ်လမ်းထက်စာရင် ဟာသဘက်ကိုပိုရောက်သလိုတကယ်လည်းရယ်ရပါတယ်။ RT နည်းပေမယ့်လည်းပရိသတ်တွေကြားမှာတော့ Cult Classic ဖြစ်နေဆဲ ဇာတ်ကားတစ်ကားဖြစ်ပြီးအထူးပြုလုပ်ချက်တွေနဲ့ဟော်ရာပိုင်းမှာလည်းလျော့မနေပါဘူး။  Michael Jackson ရဲ့ "Thriller" ထဲကဖုတ်ကောင်ပုံစံကိုထည့်ပြီးဟာသလုပ်ထားတဲ့တစ်ကွက်ဆိုရင် ပြောစမှတ်ကျန်ခဲ့တဲ့ ဇာတ်ကွက်တစ်ခုဖြစ်ခဲ့ပါတယ်။