ရိုရိုချိုချိုကြည့်ရမယ့် IMDb 7.6 ရထားတဲ့ ကျောင်းသားဘဝနောက်ခံ တမီလ်အချစ်ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဆတ်သယာဟာ ကိုယ်တိုင်က ဂေါ်မစွံတာကြောင့် အစ်မဖြစ်သူစီစဉ်ပေးတဲ့ ဘလိုင်းဒိတ်ကို မတွေ့ချင်တွေ့ချင်နဲ့ သွားတွေ့ခဲ့ရပါတယ်။ဒါပေမဲ့ သူသွားတွေ့ရတဲ့ကောင်မလေးက တိုက်တိုက်ဆိုင်ဆိုက်ပဲ စတိတ်ကျောင်းတုန်းက ဂျူနီယာကောင်မလေးဖြစ်နေပါတယ်။ ကျောင်းတူကြောင်းသိလိုက်ရတာနဲ့ သူတို့နှစ်ယောက်ဟာ ချက်ချင်းရင်းနှီးသွားပြီး ငယ်ဘဝအကြောင်းတွေ၊ ကျောင်းတုန်းက အမှတ်တရတွေ၊ ခရက်ရှ်တွေအကြောင်း ပြန်ပြောကြရင်း တဖြည်းဖြည်းနဲ့ ရင်းနှီးမှုတွေပိုတိုးလာပါတော့တယ်...။