Anaganaga Australia Lo HD

Anaganaga Australia Lo

Crime Thriller Mystery HD 2025-03-21 8.3 161 Min

တရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ ဆိုရိုးအတိုင်း ရမ်တစ်ယောက် ဩစတေးလျကမဲလ်ဘုန်းမြို့ကြီးဆီ အိပ်မက်အကြီးကြီးနဲ့ရောက်လာခဲ့ပါတယ်။ထိုင်နေတာအကောင်း ထမှကျိုးဆိုသလို အိပ်မက်နဲ့လက်တွေ့က တခြားစီဖြစ်လို့နေ့ခင်းဘက်ပိုက်ပြင် ညဘက်အူဘာမောင်းရင်း ချေးငှားထားတဲ့အကြွေးရဲ့အတိုးကိုတောင် ဆပ်ဖို့အနိုင်နိုင်ဖြစ်နေရတာပေါ့။အဲဒီအတောအတွင်းမှာပဲ မဲလ်ဘုန်းမြို့ဆီကနေ  အထူးလျှို့ဝှက်ချက်တစ်ခုနဲ့အလဲအလှယ်လုပ်ဖို့ ဖုန်းဆက်ပြီး ခြိမ်းခြောက်ငွေညှစ်မှုကို အိန္ဒိယက အာဏာရပါတီဝန်ကြီးတစ်ယောက် ခံနေရချိန်။ဒီခြိမ်းခြောက်ငွေညှစ်မှုကြားမှာ အကြွေးနွံနစ်နေတဲ့ ရမ်တစ်ယောက်ဘယ်လိုကြားညပ်သွားမလဲဆိုတာ...။