အမှန်တရားဆိုတာကြီးက အချိန်တိုင်းမှာ ကောင်းမြတ်မှုတွေ ယူဆောင်လာတတ်သလားဆိုတာကမသေချာတဲ့ အဖြေတစ်ခုလိုပါပဲ။အမှားကြာတော့အမှန်၊ အမှန်တရားမှာ အမှားရံခါပါတတ်ဆိုတာတွေလည်း ရှိနေပြန်ရော။နှစ်နှစ်ကြာ ကိုမာဝင်နေရာကနေ ပြန်နိုးလာလာချင်း အဘွားကြီးအာနူဆူယာတစ်ယောက်သေတော့မှာပဲဆိုတဲ့စိတ်နဲ့ အိမ်ထောင်ကျပြီး လေးလအကြာက ဖောက်ပြန်ခဲ့မိတာကိုခင်ပွန်းဖြစ်သူဆီ ဝန်ခံမိလိုက်ပါရော။ဒီမှာပဲ ခင်ပွန်းဖြစ်သူက အဲဒီအဖြစ်အပျက်ကို ခါးခါးသီးသီးငြင်းဆိုရင်းကွာရှင်းဖို့ ပြတ်ပြတ်သားသားဆုံးဖြတ်လိုက်ပါတယ်။မိခင်ကြီး ဆုံးပါးတော့မယ်လို့ ရာနှုန်းပြည့်ယုံကြည်ထားတဲ့ သားသမီးတွေ မြေးမြစ်တွေကအိမ်မှာ စုံနေကြတဲ့အချိန်။မထင်မှတ်ထားတဲ့ အခုလိုကိစ္စကြီး ပေါ်လာတဲ့အခါမှာတော့ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာခံစားကြည့်ရှုကြပါဦး။