အသဲကျော် Boss Baby လေးရဲ့ Christmas အတွက် အသစ်ထွက် ရှိလာတဲ့ အထူးအပိုင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီအပိုင်းရဲ့အားရဖို့အကောင်းဆုံးကတော့ family business လို့ အမည်ခံပြီးအလုပ်သမားအခွင့်အရေး ပိတ်ဆို့ခံထားရတာတွေကို သာသာနဲ့နာနာလေး နှပ်ပြထားတာပါပဲ။ အခုခေတ် စီးပွားရေးလုပ်ငန်းရှင်တွေ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား လုပ်ကြတာတွေကို စကားတစ်ခွန်းချင်းစီ ပစ်ထည့်ပေးသွားတာမျိုးမို့ တိုက်ဆိုင်မှုရှိရင် ပြေးသတိရကြဦးမယ့် ဇာတ်လမ်းမျိုးပါ။ အစောတည်းက ခရစ်စမတ်ရိုးရာတွေကို မကြိုက်တဲ့ Boss baby တစ် ယောက် ဆန်တာရဲ့ ခရစ်စမတ်လက်ဆောင်စက်ရုံကြီးထဲကို ရောက်ရှိ သွားပြီး ကလေးတွေအတွက် အရုပ်တွေ လုပ်ပေးရတဲ့အခါမှာ ဘုနဲ့ဘောက်တွေ စတင်လာတာပါပဲ။ ဒီတော့ ဆရာ့ဆရာကြီး Boss baby တို့ ဆန်တာ့ ဆီမှာ ဘယ်လိုတွေသွားဆရာကျဦးမလဲ တစ်ဖက်က Boss baby နေရာကို ရောက်သွားတဲ့ နတ်သူငယ်ကရော ဘာတွေ ကြုံတွေ့ရမလဲ ဆိုတာကို Christmas theme လေးနဲ့အတူ မြင်တွေ့ရမဲ့ကားကောင်းလေးပဲ ဖြစ်ပါတယ်။