အလီနာဆိုတာခေတ်ရှေ့ပြေးနာမည်ကြီးတဲ့ Content Creator ကောင်မလေးတစ်ယောက်ဖြစ်ပြီးသူ့ရည်းစားဖြစ်သူချိတ်ဆက်ပေးတဲ့အလုပ်တွေမှာပေါ်လွန်းဟိုက်လွန်းတဲ့ပုံတွေဆိုရှယ်မီဒီယာမှာတင်ရလေ့ရှိပါတယ်။ အဲ့ဒါတွေကို ဘာသာရေးကိုင်းရှိုင်းပြီး ရိုးအေးတဲ့ သူငယ်ချင်းဖြစ်သူ အူဖာက အမြဲကန့်ကွက်လေ့ရှိပြီးအလီနာကိုလမ်းမှန်ပေါ်ရောက်ဖို့အမြဲတိုက်တွန်းပေးလေ့ရှိပါတယ်။ တစ်နေ့တော့ အလုပ်သဘောအရ သူ့ရည်းစား ဆိုရှယ်တင်လိုက်တဲ့ပုံတစ်ပုံကြောင့် သူ့ကျောင်းမှာပြဿနာတက်ပြီး စာသင်ဆုရုပ်သိမ်းခံလိုက်ရသလို၊ သူတို့သဘောတူထားတဲ့ကုမ္ပဏီနဲ့လည်းပြဿနာတွေတက်ဖို့ဖြစ်လာပါတယ်။ အလီနာအတွက် တစ်ပူပေါ်နှစ်ပူဆင့်ရတာက ပထွေးဖြစ်သူရဲ့ကြွေးပူတွေကလည်း သူ့ခေါင်းပေါ်ရောက်လာလို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ အရင်က သူ သတိမထားမိခဲ့တဲ့ အိုမာ ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ဘ၀ထဲက ပြဿနာတွေအားလုံးကိုခေါင်းခံဖြေရှင်းပေးဖို့ကယ်တင်ရှင်အသွင်နဲ့သူ့ဘ၀ထဲကိုဝင်ရောက်လာပါတော့တယ်။ Pengin.Hijrah.2025 ဟာအင်ဒိုရုပ်ရှင်လောကရဲ့လူငယ်တွေကြားထဲမှာ လက်ရှိရေပန်းစားနေတဲ့ လမ်းမှန်ကိုကူးပြောင်းဖို့ကြိုးစားနေတဲ့ လူငယ်တွေရဲ့ရုန်းကန်မှုကိုအချစ်ဇာတ်လမ်းလှလှလေးနဲ့ရောယှက်တင်ပြထားတဲ့Heat-Warming ဇာတ်ကားကောင်းတစ်ကားပါ။