Back to the Future နဲ့ Forrest Gump တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ လက်ရာဖြစ်လို့ ဇာတ်အိမ်က ခိုင်မာပြီး ကြည့်ရတာ အရမ်းကောင်းတဲ့ကားပါ။၈၀ ပြည့်နှစ်ကာလတွေမှာ အရမ်းကိုနာမည်ကြီးခဲ့ပြီး Adventure / Romance / Comedy ကားလေးပါ။ Indiana Jones ကားတွေလိုမျိုး တောတွင်းစွန့်စားခန်းတာကိုမှ အချစ်ဇာတ်လမ်းလေး နှောထားတာ ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ နောက်ဆက်တွဲဖြစ်တဲ့ 'The Jewel of the Nile' (၁၉၈၅) လည်းထွက်ထားတာ နာမည်ကြီးပါပဲJoanWilder က နာမည်ကြီး အချစ်ဝတ္ထုရေးဆရာမတစ်ယောက်ပေါ့။ သူမက စာအုပ်ထဲမှာသာ စွန့်စားခန်းတွေ ရေးနေတာ၊ တကယ့်ပြင်ပလောကမှာတော့ အေးအေးဆေးဆေး နေတတ်သူပါ။တစ်နေ့မှာတော့ သူမရဲ့ အစ်မဖြစ်သူ ကိုလံဘီယာနိုင်ငံမှာ ပြန်ပေးဆွဲခံလိုက်ရပြီး ပြန်ပေးသမားတွေက ရတနာမြေပုံတစ်ခုကို တောင်းဆိုလာပါတယ်။အစ်မကို ကယ်ဖို့အတွက်ကိုလံဘီယာတောနက်ထဲကိုတစ်ယောက်တည်း ရောက်သွားတဲ့ Joan တစ်ယောက် လမ်းပျောက်ပြီး ဒုက္ခရောက်နေချိန်မှာ Jack Colton (Michael Douglas) ဆိုတဲ့ ငွေမက်တဲ့စွန့်စားသူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Jack က ငွေရဖို့အတွက် Joan ကို ကူညီရင်းနဲ့ သူတို့နှစ်ယောက်ဟာ ရတနာမြေပုံနောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ လူဆိုးဂိုဏ်းတွေနဲ့မိကျောင်းတွေကြားမှာရင်တထိတ်ထိတ်နဲ့ ထွက်ပြေးကြရပါတော့တယ်။ လမ်းခရီးမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်လိုက်၊ ချစ်လိုက်နဲ့ သူတို့ရဲ့ စွန့်စားခန်းကို လွမ်းစရာ၈၀ခေတ်ကာလတွေရဲ့ ရုပ်ရှင်အခင်းအကျင်းနဲ့ အကောင်းဆုံးချပြထားတဲ့ လက်ရာတစ်ခုပါ