တက်သစ်စလူငယ်ဒါရိုက်တာ ကိုမယ်လ်ဆိုရင် တလေဂူးရုပ်ရှင်လောကကပရိုဂျူဆာတွေအကုန် ဖိန့်ဖိန့်တုန်အောင် ကြောက်ရတာပေါ့။မကြောက်နေမလား၊ သူရိုက်ပြီဆိုတာနဲ့ ဘတ်ဂျက်သန်းလေးရာမှန်းထားရင်သန်းလေးရာ လေးခါလောက်ထုတ်ပေးနေရတာနဲ့ ပရိုဂျူဆာကနှလုံးရောဂါရရော။ဒီလိုနဲ့ ကိုမယ်လ်တစ်ယောက် ရိုက်လက်စကားကလည်း ဘတ်ဂျက်ထပ်ထုတ်မပေး၊ဘယ်ပရိုဂျူဆာမှလည်း သူ့ကို ခေါ်မသုံးဖြစ်နေချိန် ရိုကလက်စကားပရိုဂျူဆာရဲ့သမီးကိုအမျိုးမျိုးအပူကပ်ပြီးရသမျှဘတ်ဂျက်နဲ့ ဆက်ရိုက်ဖို့ကြိုးစားရပါရော။အိန္ဒိယရုပ်ရှင်လောကက အလွဲတွေကို သရော်ထားတဲ့ ဟာသရုပ်ရှင်မို့ခံစားကြည့်ရှုကြပါဦး။