မိခင်တွေအကြောင်းကို ရိုက်ပြထားတဲ့ Comedy / Drama ယူကရိန်းကားလေးပါ။သားသမီးတွေအပေါ် အရာအားလုံး သိနေတတ်တဲ့၊ တစ်ခါတလေ ကိုယ့်ထက်တောင် ကိုယ့်အကြောင်းကို ပိုသိနေတဲ့ အမေတွေအကြောင်းကို ရိုက်ပြထားတာပါ။ကိုယ်တိုင်တောင် မေ့သွားတဲ့ ငယ်ဘဝက အကြောင်းအရာတွေကအစ အမေက မှတ်မိနေတဲ့အခါမျိုးမှာ ရှက်ကိုးရှက်ကန်း ဖြစ်ရတာတွေ၊ အမေနဲ့ သားသမီးကြားက အလွဲလေးတွေကိုဟာသနှောပြီး ရိုက်ပြထားပါတယ်။ တကယ်တော့ ဒီကားက အမေတိုင်းအတွက် ရည်ရွယ်သလို၊ အမေရှိတဲ့ ကျွန်တော်တို့ အားလုံးအတွက်လည်း ရည်ရွယ်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။