လူဝီစီယားနားပြည်ရှိ လူမည်းအလုပ်သမားစခန်းမှ အလုပ်သမားတွေဟာ ဖိနှိပ်၊နှိပ်စက်ခံရမှုတွေကြားက လင်ကွန်းရဲ့ Native Guard(လူမည်းတပ်)ရှိရာ ဘေတန်ရုဂ်မြို့ကို ထွက်ပြေးဖို့ ပီတာတို့အလုပ်သမားတစ်စု ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ။ နွံအိုင်ပတ်လည် ဝိုင်းနေတဲ့ စခန်းဖြစ်သလို ထွက်ပြေးသူတွေရှိရင် လိုက်ဖမ်းဖို့ မြင်းစီးမုဆိုးတွေနဲ့အမဲလိုက်ခွေးတွေပါ အသင့်ရှိနေလို့ လွတ်ဖို့ဆိုတာ အတော်မလွယ်ကူတဲ့နေရာမျိုးပါ။ ဒီလိုနေရာကနေ”သေမြေကြီး ရှင်ရွှေထီး”ဆိုတဲ့ စိတ်နဲ့ပဲ ပီတာတို့လူတစ်စု စခန်းမှထွက်ပြေးလာပါတော့တယ်။ ဒီကားကိုကြည့်ရင်း Apocalyptoကားကြီးကို တစ်ချက်ပြေးမြင်မိ ပါသေးတယ်။ ရှေ့ကပြေးသူနဲ့နောက်ကလိုက်သူ မုဆိုးတွေကြားက အားပြိုင်မှုတွေ၊ နွံအိုင်ကြီးတွေနဲ့ မမြင်ရတဲ့အန္တရာယ်ပေါင်းများစွာ၊ သားရဲပေါင်းများစွာကြားက အသက်ဘေးလွတ်အောင် ရုန်းကန်ပုံတွေက အတော်လေး survivalဆန်ပါတယ်။ ဒါမျိုး vibeတွေကို ကြိုက်သူတွေအတွက် Apple+ ကနေ setting ကောင်းကောင်းနဲ့ ရှယ်ကိုတင်ဆက်ပေးထားလို့ Will Smith ရဲ့ ပရိသတ်တွေရော၊ အက်ရှင်ကြမ်းကြမ်းမှ ကြိုက်သူတွေပါ မနောခွေ့ကြမှာပါ။