ဒီဇာတ်ကားက "The Blind Side" ဒါမှမဟုတ် "King Richard" လိုမျိုး အားကစားကို အခြေခံပြီး ဘဝအတွက် ခွန်အားရစေမယ့် ဇာတ်လမ်းမျိုးတွေကို ကြိုက်နှစ်သက်သူတွေအတွက်အကိုက်ညီဆုံးပါပဲ။ဘေ့စ်ဘော (Baseball) အားကစားကို အခြေခံပြီး ဖခင်နဲ့သားကြားက သံယောဇဉ်နဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပုံကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ ဘေ့စ်ဘောလောကမှာအောင်မြင်ချင်ကြတဲ့ ဖခင်နဲ့သား နှစ်ဦးရဲ့ အားထုတ်မှုကို အဓိကထား ရိုက်ကူးထားပါတယ်။ ဖခင်ဖြစ်သူကတော့ နာမည်ကြီး နည်းပြတစ်ယောက် ဖြစ်ချင်သူဖြစ်ပြီး၊ သားဖြစ်သူကတော့ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်ချက်အပြည့် ရှိနေသူပါ။ ဒါပေမဲ့သူတို့ရဲ့ လမ်းခရီးမှာ အကျင့်ပျက်ခြစားနေတဲ့ အားကစားအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ ကျောင်းအုပ်ချုပ်ရေးပိုင်းက လူတွေရဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်ရပါတယ်။ အခွင့်အရေးကို အလွဲသုံးစားလုပ်ပြီး သူတို့ရဲ့ အိပ်မက်တွေကို ဖျက်စီးဖို့ ကြိုးစားနေတဲ့ကြားကနေ ဖခင်နဲ့သားဟာ ဘဝရဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုဇွဲနဲ့ ရုန်းကန်ပြီး ပန်းတိုင်ရောက်အောင်သွားမလဲဆိုတာကို စိတ်အားတက်ကြွဖွယ် မြင်တွေ့ရမဲ့ကားလေးဖြစ်ပါတယ်။