Under Current HD

Under Current

Crime HD 2025-12-05 4.3 115 Min

အခုတစ်ခေါက် ဘာသာပြန်တင်ဆက်ပေးမှာကတော့ နာမည်ကြီးဟောင်ကောင်မင်းသားတွေနဲ့ အင်အားဖြည့်ထားတဲ့ မှုခင်းရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ နာမည်ကြီးပရဟိတရန်ပုံငွေညစာစားပွဲမှာ ဘဏ္ဍာရေးမန်နေဂျာရန်ထောင်းဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ပါတယ်။ သံသယအများကြားမှာ အလှူငွေ သန်းနှစ်ရာလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။ စာရိတ္တကိုတန်ဖိုးထားသူ ရှေ့နေမာရင်ဖုန်းနဲ့ ရဲအရာရှိခယ်တင့်ပန်းတို့ဟာ မထင်ထားဘဲ ဒီဂယက်ထဲကို ဝင်ရောက်မိသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အဆက်မပြတ်စုံစမ်းစစ်ဆေးမှုတွေကတစ်ဆင့် ပရဟိတရဲ့ နောက်ကွယ်မှာ ထိတ်လန့်စရာဒုစရိုက်မှုတွေ အဆက်မပြတ်ပေါ်ထွက်လာခဲ့ပါတယ်။ ဥပဒေကို ထိန်းချုပ်၊ ကြေးစားလူသတ်သမားငှား၊ မူးယစ်ရောင်းဝယ်မှု၊ ပြည်ပဒုစရိုက်အင်အားနဲ့ပူးပေါင်း၊ ပရဟိတကနေ စီးပွားရေးဖြစ်ပြီး အများပြည်သူရဲ့ အလှူငွေများဟာ ဒုစရိုက်သမားတွေလက်ထဲ ရောက်သွားတဲ့အခါ...... ရန်ထောင်းသေရတဲ့ အကြောင်းရင်းက ဘာဖြစ်မလဲ......သူတို့တွေ အမှန်တရားကို လူအများရှေ့ ဖော်ထုတ်နိုင်ကြမလား...... ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်