Number One FHD

Number One

Drama Fantasy FHD 2026-02-11 6 105 Min

အသက် ၁၈ နှစ်အရွယ်မှာ အဓိပ္ပာယ်မဖော်နိုင်တဲ့ နံပါတ်ကို စတင် မြင်တွေ့လာရတဲ့ ဂျောင်ဟာမင်း (Choi Woo-shik)...ထူးဆန်းတာကတော့ အဲဒီနံပါတ်က သူ့အမေချက်ကျွေးတဲ့ ထမင်းဟင်းတွေကို စားတဲ့အခါတိုင်းမှာ ပေါ်လာတတ်ပြီး တစ်နပ်စားလိုက်တိုင်း အဲဒီနံပါတ်က တစ်လုံးစီ လျော့သွားနေတာပါပဲ။ တစ်နေ့မှာ ဆုံးပါးသွားတဲ့ အဖေဖြစ်သူရဲ့ အိပ်မက်ပေးချက်အရ အဲဒီနံပါတ်က သုညဖြစ်သွားရင် အမေ သေမယ်ဆိုတဲ့ အကြောင်းကို ဟာမင်း သိလိုက်ရတဲ့အခါ အမေ့ကို ကာကွယ်ဖို့အတွက် ဆင်ခြေမျိုးစုံပေးပြီး အိမ်ထမင်းဟင်း မစားဖို့ ရှောင်ဖယ်နေပါတော့တယ်...တကယ်ပဲ အမေ့ကို ဆုံးရှုံးရမှာ ကြောက်တာနဲ့ အမေ ချက်ကျွေးတဲ့ ထမင်းကို မစားဘဲ ရှောင်နေတာက အဖြေကောင်းဖြစ်ပါ့မလား... ကိုယ်သာ ဟာမင်းနေရာမှာဆိုရင်ရော ဘာကို ရွေးချယ်မိမှာလဲ...နေ့တိုင်း အမေချက်ကျွေးနေတဲ့ ထမင်းတစ်နပ်ရဲ့ တန်ဖိုးက ဘယ်လောက်တောင် အရေးပါသလဲဆိုတာကို ပြန်လည်တွေးတောမိစေမဲ့ ရုပ်ရှင်ကောင်းလေးမို့လို့ အခုပဲ ကြည့်လိုက်ကြတော့နော်။