ဒီတစ်ခေါက်တော့ ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်တဲ့ ကိုရီးယား Horror ရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်...တစ်ချိန်က နာမည်ကျော် ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ခဲ့တဲ့ ယွန်းဆန်းဝမ်ဟာကားမတော်တဆမှုဖြစ်ကာ မိန်းမဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက်Post-trauma လက္ခဏာဖြစ်တဲ့ Panic attack ကိုပါခံစားနေရပြီးကျန်ခဲ့တဲ့သမီးလေးဖြစ်သူ ယွန်းအီနာကိုလည်း တစ်ကိုယ်တော်မိဘအနေနဲ့ စောင့်ရှောက်နေရပါတယ်...ကလေးကြောင့် အလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့ အလုပ်သရဲဖြစ်သူ ယွန်းဆန်းဝမ်ကကလေးကို ကလေးထိန်းနဲ့ပစ်ထားပြီး အလုပ်သွားလုပ်ချင်တဲ့ဆန္ဒက ပြင်းပြနေပေမဲ့ကလေးထိန်းကိုရှာမရသလို တစ်ဖက်မှာ အလုပ်တွေကလည်းပျက်လာပါတယ်...အဲဒီလိုနဲ့ အီနာလေး လေကောင်းလေသန့်ရဖို့ဆိုပြီး ပြောင်းလာတဲ့အိမ်ကြီးမှာနေရင်းနောက်ဆုံး သူအလုပ်သွားလုပ်ဖို့အတွက် ကလေးထိန်းရှာတွေ့တဲ့နေ့မှာပဲပုံမှန်နဲ့မတူ အချိုးတွေပြောင်းလာတဲ့အီနာလေးက အိမ်ထဲမှာနေရင်း ပျောက်ချင်းမလှပျောက်သွားပါတော့တယ်...ကလေးကိုနည်းပေါင်းစုံနဲ့လိုက်ရှာရင်း သူ့ကိုလာရှာတဲ့ ပယောဂဆရာဟောရဲ့ပြောချက်အရအီနာလေးပျောက်ဆုံးတာဟာ သွေးရိုးသားရိုးမဟုတ်ဘဲ ပရလောကဝိညာဉ်တွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ယွန်းဆန်းဝမ်တစ်ယောက် ဒါကိုယုံကြည်ပါ့မလား...ယုံကြည်ခဲ့ရင်ရော ဘယ်လိုနည်းလမ်းတွေနဲ့ အီနာလေးကို ပြန်ရှာကြမလဲဆိုတာကိုထိတ်လန့်ချောက်ချားဖွယ်ဇာတ်ဝင်ခန်းတွေနဲ့အတူ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။