Seems Like Old Times HD

Seems Like Old Times

Comedy Romance HD 1980-12-19 6.288 102 Min

စာရေးဆရာ နီကိုးလတ်စ် ဂါဇန်းနီးယား ဟာ လူဆိုးနှစ်ယောက်ရဲ့ အကြပ်ကိုင်မှုကြောင့် ဘဏ်ဓားပြမှုမှာ မတော်တဆ ပါဝင်ပတ်သက်သွားခဲ့ပါတယ်။ ရဲတွေလိုက်နေတဲ့အတွက်ထွက်ပြေးစရာနေရာမရှိတော့တဲ့ဆုံး သူဟာ ဇနီးဟောင်းဖြစ်သူ ရှေ့နေမလေး ဂလင်း ရဲ့ အိမ်မှာ ခိုးအောင်းဖို့ ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ ပြဿနာက ဂလင်း မှာ ခရိုင်အစိုးရရှေ့နေဖြစ်ဖို့ ကြိုးစားနေတဲ့ ခင်ပွန်းအသစ် အိုင်ရာ ရှိနေတာပါပဲ။  ဥပဒေဘောင်အတွင်းမှာ နေရတဲ့ အိုင်ရာဟာ မျက်စိအောက်မှာတင် နီကိုးလတ်စ် ကိုလျှို့ဝှက်ဖုံးကွယ်ထားခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ သူတို့ရဲ့သုံးပွင့်ဆိုင် ဇာတ်လမ်းက ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကို စောင့်ကြည့်ရင်း သူတို့ရဲ့ ရှုပ်ထွေးပွေလီလှတဲ့အလွဲအချော်တွေ နဲ့ရယ်မောစရာ အဖြစ်အပျက်တွေကို တဝကြီး ကြည့်ရှုရမှာဖြစ်ပါတယ်။