လွန်ခဲ့တဲ့ ၅နှစ်က သားဖြစ်သူကို ပျောက်ဆုံးခဲ့ရတဲ့ ဟီးယွန်းတို့ ဇနီးမောင်နှံနှစ်ဦးဟာ အသိစိတ်ပုံမှန်မဟုတ်တဲ့ အမေဖြစ်သူရဲ့ မှတ်ဉာဏ်ပြန်ရလာအောင် ဆိုးလ်ကနေ အမေ့ရဲ့မွေးရပ်မြေကို ပြောင်းလာခဲ့ပါတယ်။ ၅နှစ်ကြာပြီးတာတောင် ပူဆွေးသောကတွေနဲ့ သားဖြစ်သူကို ရှာဖွေနေဆဲဖြစ်တဲ့ ဟီးယွန်းတို့ မိသားစုဆီကို ထူးခြားတဲ့ဖြစ်ရပ်တွေနဲ့ တောထဲက အဖြေရှာရခက်တဲ့ ကလေးမလေး ရောက်ရှိလာပြီးတဲ့နောက်မှာတော့....ဟီးယွန်းတို့ မိသားစု ကြုံတွေ့လာရတဲ့ အဖြစ်အပျက်တွေနဲ့ ဂျန်ဆန်းကျားက ဘယ်လိုပတ်သက်ဆက်နွယ်နေလဲဆိုတာကို ရင်ခုန်ထိတ်လန့်စွာနဲ့ ကြည့်ရှုရမှာဖြစ်ပြီး သည်းထိတ်ရင်ဖို သရဲဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေ ခံစားစီးမျောနိုင်စေဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။