ဇာတ်လမ်းကို ဟေဇယ်ဆိုတဲ့ အမျိုးသမီးကိုအခြေပြုတည်ဆောက်ထားပါတယ်။ သူဟာ အိမ်ထဲကအိမ်ပြင်မထွက်ရဲတဲ့ (Agoraphobia) ရောဂါကိုအပြင်းအထန်ခံစားနေရသူဖြစ်ပြီးဖြစ်ရပ်မှန်မှုခင်းတွေအကြောင်းပြောပြတဲ့ Podcaster တစ်ယောက်လည်းဖြစ်ပါတယ်။ အတိတ်ကကြောက်စရာဖြစ်ရပ်ဆိုးတစ်ခုကြောင့် အခုချိန်မှာ အားလုံးကိုအဆက်အသွယ်ဖြတ်ပြီး တစ်ယောက်တည်းနေထိုင်နေတာပါ။ ဒီဇာတ်လမ်းမှာတော့အိမ်မှာ ရက်ရှည်အနားယူချိန်မှာမှိုအပြင်းစား တစ်မျိုးကိုသုံးမိရာကနေ နဂိုနေရှိနေတဲ့ စိတ်ဒဏ်ရာတွေ၊ ပြဿနာတွေဟာလက်တွေ့ဘ၀လောကမှာ ပုံပေါ်လာပြီး ခြောက်ခြားစရာ Trip တစ်ခုအစပျိုးလာပါတော့တယ်။သွေးထွက်သံယိုသတ်ဖြတ်မှုတွေထက် ဇာတ်ကောင်ရဲ့စိတ်ပိုင်းဆိုင်ရာကို အဓိကတည်ဆောက်ပြသွားတဲ့ Character study ဇာတ်ကားမျိုးဖြစ်ပြီး စိတ်ကူးယဉ်ဆန်ဆန် Surrealပြကွက်တွေနဲ့ဖွဲ့စည်းထားတာပါ။ ဇာတ်ကောင်ရဲ့မွန်းကျပ်မှု၊ ခြောက်ခြားမှု၊ ဇဝေဇဝါဖြစ်မှုတွေနဲ့တကွ သူ့ခံစားချက် အနိမ့်အမြင့်တွေအတိုင်း ကြည့်ရှုသူကိုပါလိုက်ပါ ခံစားနိုင်မယ့်ဇာတ်ကားကောင်းတစ်ကားပါပဲ။ Indie ပရိသတ်နဲ့ဝေဖန်ရေးဆရာတွေ အများစု ချီးကျူးအကြိုက်တွေ့ကြပြီး Indie ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေအများကြီး ရထားပါတယ်။