Kafir: A Deal with the Devil HD

Kafir: A Deal with the Devil

Drama Horror Thriller Mystery HD 2018-08-02 6.1 97 Min

မိသားစုဝင်ချင်း နွေးထွေးချစ်ခင်ပြီး ပျော်စရာကောင်းတဲ့ ဟာမန်းတို့မိသားစုလေးရဲ့ညစာထမင်းဝိုင်းမှာအိမ်ထောင်ဦးစီးဖြစ်တဲ့ ဟာမန်းဟာ ရုတ်တရက်ဖန်ကွဲစတွေအန်ပြီးထူးထူးခြားခြားသေဆုံးသွားခဲ့ပါတယ်။ဟာမန်း သေဆုံးပြီးတဲ့နောက်မှာတော့ ဇနီးဖြစ်သူ စရီကလည်း အိမ်တွင်းမှာ ထူးခြားမှုတွေကို ခံစားလာရသလိုသူကိုယ်တိုင်လည်း မသိလိုက်ပဲထူးထူးဆန်းဆန်းအပြုအမူတွေလုပ်လာမိပါတော့တယ်။ သားသမီးနှစ်ဦးကတော့သိပ်ချစ်ရတဲ့ ခင်ပွန်းသည်ကွယ်လွန်သွားလို့ စိတ်ထိခိုက်နေတာလို့အထင်ရောက်ခဲ့ပေမယ့် သမီးငယ် ဒီနာက သူ့မိခင်ရဲ့အပြုအမူတွေဟာသွေးရိုးသားရိုးမဟုတ်နိုင်ကြောင်း ရိပ်စားမိလာတဲ့ အလျောက်တတ်နိုင်တဲ့ဘက်ကစုံစမ်းပြီး ပြဿနာရဲ့ရင်းမြစ်တွေကို အဖြေရှာဖို့ကြိုးစားရပါတော့တယ်။အင်ဒိုနီးရှားရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ Best Sound ဆုနဲ့Best Art Direction ဆုတွေဆွတ်ခူးရရှိခဲ့ပြီး BO မှာလည်း ၂၀၁၈ ရဲ့အအောင်မြင်ဆုံး ဟော်ရာဇာတ်ကားစာရင်းထဲမှာပါခဲ့ပါတယ်။ ၉၀ ခေတ်ဟောင်းရဲ့ပုံစံကိုProduction Design ကောင်းကောင်း အရောင်အသွေးလှလှနဲ့ ခြောက်ခြားစရာကောင်းအောင်ရိုက်ပြနိုင်သလို Jump Scarမပါသလောက်နဲ့တုန်လှုပ်စရာကောင်းအောင်တင်ပြနိုင်တဲ့ တန်းမြင့်ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။