ဂျက်ခ်ဟာ ငယ်စဉ်ကတည်း လူသတ်ဗီဇနဲ့မွေးဖွားလာတာဖြစ်ပြီး အဲ့ဒီသတ်ဖြတ်မှုတွေကြောင့်ပဲစိတ်ကျန်းမာရေးဆေးရုံမှာနေထိုင်ခဲ့ရပါတယ်။ နှစ်အတော်ကြာတဲ့နောက်မှာတော့ဆရာဝန်ကန့်ကွက်တဲ့ကြားကအထက်ကညွှန်ကြားမှုနဲ့ ဂျက်ခ်ကို ပြန်လွှတ်ပေးခဲ့ရပြီး ပစ္စည်းပို့ဆောင်သူ အလုပ်ကိုပါတစ်ခါတည်းတန်းရလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ သူ့ဇာတိမြို့ဖြစ်တဲ့ အမေရိကားရဲ့အန္တရာယ်အကင်းဆုံးမြို့လို့တင်စားကြတဲ့ ကယ်လီဖိုနီးယား နီကိုလပ်စ်ကို အခြေချဖို့ပြန်လာခဲ့ပြီး အေးချမ်းလှတဲ့ မြို့ငယ်လေးဟာမုန်တိုင်းထန်ဖို့ဖြစ်လာပါတော့တယ်။ ဒီမြို့မှာနေထိုင်သူတွေက ပျော်ပျော်နေတတ်ကြသူတွေဖြစ်ပြီး ဘယ်လိုမှုခင်းမှမရှိပဲ အေးချမ်းလှတဲ့ မြို့လေးက ပင်ကိုဗီဇအရ လူသတ်သမားဖြစ်နေတဲ့ စိတ္တဇလူသတ်ကောင် ဂျက်ခ်ကိုသူ့ဗီဇတွေပြန်ပေါ်လာအောင်၊ ချုပ်တည်းထားတဲ့ စိတ်တွေပေါက်ကွဲထွက်လာအောင် ဘယ်လိုအရာတွေက တွန်းပို့မလဲ? အေးချမ်းလှတဲ့ မြို့လေးကို ဘယ်လိုတွေဂြိုလ်မွှေဦးမလဲဆိုတာရှုစားရမယ့် indie/Slasher ကားတစ်ကားဖြစ်ပါတယ်။