Do I Know You From Somewhere? HD

Do I Know You From Somewhere?

အော်လစ်ဗ်နဲ့ ဘန်နီတို့ဟာ ချစ်သူသက်တမ်း ၂ နှစ်ရှိပြီဖြစ်တဲ့ အရမ်းချစ်ကြတဲ့အတွဲတစ်တွဲပါ။ ဒါပေမဲ့ တစ်နေ့မှာ သူတို့ အိပ်နေတဲ့အချိန် ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်လာပြီး သူတို့ကို အိမ်မက်ဆိုးသယောင်ယောင်နဲ့ အိပ်ရာကနေနိုးအောင်လုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ ဒီလိုမျိုးဖြစ်ရပ်တွေဟာ ထပ်ခါထပ်ခါဖြစ်နေပြီး နောက်ပိုင်းမှာ နှစ်ယောက်နိုးနေတဲ့အချိန်မှာတောင် တစ်ချက်တစ်ချက် အာရုံလွင့်သွားသလို ထူးဆန်းတဲ့နေရာတွေရောက်သွားလိုက်ထူးဆန်းတဲ့မှတ်ဉာဏ်တွေပြန်ပေါ်လာလိုက်နဲ့ဖြစ်နေပါတယ်။ အဲဒါအပြင် တဖြည်းဖြည်းနဲ့ သူတို့ရဲ့မှတ်ဉာဏ်တွေဝေဝါးလာပြီး အတိတ်ကိုတစ်စပြီးတစ်စစပြီးမေ့လာခဲ့ပါတယ်။